ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော်  ဇန်နဝါရီ  ၁၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ    ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ  နှောင့်နှေးကြန့်ကြာ မှုမရှိ    တင်သွင်းနိုင်ရေးအတွက်   အချိန်နှင့် တစ်ပြေးညီ   စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေသုံးစီးဖြင့် နှာခေါင်း စည်း(Mask) ၂၃ တန်ကို  တင်သွင်းခဲ့ကြောင်း သိရသည်။    
ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့်   SOP များနှင့် အညီ  ဦးစားပေး  တင်သွင်းခွင့်ပြုပေးလျက်ရှိ ကြောင်းနှင့်  ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့်ဆက်စပ်သည့်    အသိပေး ကြေညာချက်များကိုလည်း    အများပြည်သူ သိရှိစေရန်    ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင်  ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 
သတင်းစဉ်