ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းကမ်းများ လိုက်နာမှု ရှိ၊ မရှိ စက်ရုပ်များဖြင့်စစ်ဆေးရန် စင်ကာပူ စမ်းသပ်ဆောင်ရွက်

စင်ကာပူ   စက်တင်ဘာ  ၂၂


စင်ကာပူနိုင်ငံ၌ နိုင်ငံသားများ   ကိုဗစ်-၁၉   ရောဂါ ဆိုင်ရာ  ကျန်းမာရေးစည်းကမ်းများ  လိုက်နာမှု          ရှိ၊ မရှိ   စက်ရုပ်များဖြင့်   စစ်ဆေးသွားရန်   စမ်းသပ် ဆောင်ရွက်လျက်ရှိသည်။


အဆိုပါစက်ရုပ်များအနေဖြင့် လမ်းလျှောက် သွားလာသူများအား  ချဉ်းကပ်ပြီး အရုပ်အသံများ ပါဝင်သော သတိပေးချက်များဖြင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ရေး စည်းကမ်းအပါအဝင် လူငါးဦး ထက်   ပိုမိုမစုဝေးရန်စသော   ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ကျန်းမာရေးသတိပေးချက်များကို လိုက်နာရန်နှိုးဆော်သွားမည်ဖြစ်ပြီး   ၎င်းစက်ရုပ်များက မှတ်တမ်းတင်ထားသော ဓာတ်ပုံများကို စောင့်ကြည့် ရေးစင်တာများသို့ ပေးပို့သွားမည်ဖြစ်သည်။


ယခုကဲ့သို့     စက်ရုပ်များဖြင့်   ကျန်းမာရေး စည်းမျဉ်းများကို စစ်ဆေးခြင်းသည် နိုင်ငံသားများအား နှာခေါင်းစည်းဝတ်ဆင်ရေးနှင့် ခပ်ခွာခွာနေထိုင်ရေး တို့ကို လိုက်နာဆောင်ရွက်ရန် သတိပေးရာရောက် ကြောင်း ပြည်သူတစ်ဦးက ပြောကြားသည်။  စင်ကာပူ နိုင်ငံသည် လက်ရှိအချိန်၌ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေထိုးနှံမှုလုပ်ငန်းကို  အရှိန်အဟုန်မြှင့်   ဆောင်ရွက် လျက်ရှိသည်။


ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ