ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

နေပြည်တော်  အောက်တိုဘာ  ၉


ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ          ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ  တပ်မတော် ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြော ရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ အစည်းများ၊  တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ လည်း    သက်ဆိုင်ရာမြို့နယ်များ၌   Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။ 


ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခို ရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီး ၄၅ ဦး စုစုပေါင်း ၉၈ ဦးကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည် ပြု ပိုးတွေ့လူနာ အမျိုးသား၄၅ ဦးနှင့် အမျိုးသမီး လေး ဦး စုစုပေါင်း ၄၉  ဦးကိုလည်းကောင်း  လက်ခံ ထားရှိကြောင်း သိရှိရသည်။


အဆိုပါ   စောင့်ကြည့်လူနာများနှင့်   ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်များရှိ   နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်