ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

 

နေပြည်တော် ဒီဇင်ဘာ  ၇    
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်  သူများထားရှိရန်အတွက်    တိုင်းစစ်ဌာနချုပ်     နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့်    တည်းခိုရေးစခန်းများ၌    စနစ်တကျလက်ခံ၍    ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ    ဆောင်ရွက်ပေးလျက်ရှိသည်။   ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့်    အခြားဌာနဆိုင်ရာ      တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ   မြို့နယ်များ၌   Quarantine  Center  များ  ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိသည်။ 
ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့ည  ၇  နာရီအထိ  နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့် ရမည့်သူ အမျိုးသား လေးဦးနှင့် အမျိုးသမီး ရှစ်ဦး၊ စုစုပေါင်း ၁၂ ဦး တို့ကို လက်ခံထားရှိကြောင်း သိရသည်။
အဆိုပါ    စောင့်ကြည့်လူနာများနှင့်   ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို    သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်များရှိ   နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်