
နေပြည်တော် အောက်တိုဘာ ၂၆
ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်း များ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ လက်ခံဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့် ကြည့်ရမည့်သူ အမျိုးသား ၈၅ ဦး နှင့် အမျိုးသမီး ၆၅ ဦး စုစုပေါင်း ၁၅၀ ကိုလည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး လှိုင်မြို့နယ်စစ် ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသမီး နှစ်ဦးကို လည်း ကောင်း လက်ခံထားရှိကြောင်း သိရှိရသည်။
အဆိုပါ စောင့်ကြည့်လူနာ များနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များရှိ နယ်မြေခံဆေး ကုသရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်