
နေပြည်တော် ဇူလိုင် ၂၃
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်း များ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများ ကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီး သည့်နေရာများတွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း သက်ဆိုင်ရာမြို့နယ်များ ၌ Quarantine Center များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ပြင်ဆင်ဆောင်ရွက် ပေးနေမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယနေ့ တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်း များ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ပြင်ဆင်လက်ခံဆောင် ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော်စစ်ကြော ရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့် စောင့်ကြည့်ရမည့်သူ အမျိုးသား ၉၃ ဦးနှင့် အမျိုးသမီး ၉၂ ဦး စုစုပေါင်း ၁၈၅ ဦးကို လည်း ကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၁၅ ဦး၊ အမျိုးသမီးခြောက်ဦး စုစုပေါင်း ၂၁ ဦးကို လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာ အမျိုးသား ၂၁၈ ဦးနှင့် အမျိုးသမီး ၁၉၄ ဦး စုစုပေါင်း ၄၁၂ ဦးကို လည်းကောင်း၊ ရဲမွန်တပ် မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာ အမျိုး သား ၅၈ ဦးနှင့် အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၇၄ ဦးကို လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံသင်တန်း ကျောင်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၂၆ ဦး ကို လည်းကောင်း အသီးသီး လက်ခံထားရှိကြောင်းနှင့် ယနေ့ တွင် ကျန်းမာရေးကောင်းမွန်လာ သည့် စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၇၁ ဦးတို့ကို သက် ဆိုင်ရာ ရပ်ကွက်များသို့ ပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
အထက်ပါ စောင့်ကြည့်လူနာ များနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန် ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်