ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ  ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ


 

နေပြည်တော် အောက်တိုဘာ  ၂၅


ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများထားရှိရန်အတွက်  တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ   တပ်မတော်ဆေးရုံများ၊  နယ်မြေခံသင်တန်း ကျောင်းများ၊ စစ်ကြောရေးနှင့်  တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီ အထိ   နေပြည်တော်စစ်ကြောရေးနှင့်   တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၉၉ ဦးနှင့် အမျိုးသမီး ၆၈ ဦး စုစုပေါင်း ၁၆၇ ဦးကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု  ပိုးတွေ့လူနာ အမျိုးသမီး နှစ်ဦးကိုလည်း ကောင်း လက်ခံထားရှိကြောင်း  သိရှိရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်