
နေပြည်တော် ဒီဇင်ဘာ ၂၇
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ချစ်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ(ရန်ကုန်) ဆောက်လုပ်ရခြင်း၏ရည်ရွယ် ချက်၊ ဖွင့်လှစ်ပြီးစီးပါက ဆောင်ရွက်နိုင်မည့် အစား အသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်များ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အဆောက်အအုံအား သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် လုပ်ငန်း အပြီးသတ်ဆောင်ရွက်နိုင်ရေး၊ လာမည့်နှစ်ဆန်းပိုင်း တွင် ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများက ကြပ်ကြပ် မတ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တန်ဖိုး ကြီးမားသည့် စက်ပစ္စည်းများကို မပျက်စီးရန် ထိန်းသိမ်းသွားရမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း များကိုလည်း အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး အဆင့်ဆင့် ကြီးကြပ်သွားရန်လိုအပ်ကြောင်း၊ ဓာတ်ခွဲ စစ်ဆေးမှုအပိုင်းတွင်လည်း နိုင်ငံတကာအဆင့်မီ စစ်ဆေးနိုင်ရန် စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အရည် အသွေးပြည့်မီပြီး လုံခြုံစိတ်ချရသည့် အစား အသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ပြည်သူလူထုထံသို့ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ရောက်ရှိသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု ကို အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်ရန် တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ်သွားရန် လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆောက်အအုံဝင်းအတွင်းသို့ လှည့်လည်ကြည့်ရှု ကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ခွဲစိတ်ခန်းများနှင့် အထူးကြပ်မတ်ကုသဆောင်များ ပြင်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အစည်းအဝေးခန်းမတွင် တာဝန် ရှိသူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ နောက်ထပ်လှိုင်းအတွက် ပြင်ဆင်ရာတွင် ဆေးဝါး၊ ဆေးပစ္စည်း၊ အောက်ဆီဂျင်နှင့် လူနာ ခုတင်များ အလုံအလောက်စီစဉ်ထားရှိရမည်ဖြစ် ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါအတွက် ပြင်ဆင်ထား ရှိရန် အရေးကြီးသကဲ့သို့ အရေးပေါ်ဆေးကုသမှု လုပ်ငန်းများနှင့် ပုံမှန်ဆေးကုသမှုလုပ်ငန်းများ ကိုလည်း အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆေးရုံ၏ဆေးကုသရေးလုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်နိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ် များ လိုအပ်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ကန်ထရိုက်စနစ်ဖြင့်ငှားရမ်း၍ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်သူများအကျိုးကိုရှေးရှု၍ ဝန်ကြီး ဌာနသို့ အလုပ်တာဝန် ပြန်လည်ထမ်းဆောင်လိုသည့် ဌာနကင်းကွာ ဝန်ထမ်းများကိုလည်း ဝန်ကြီးဌာန အနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ပြန်လည်လက်ခံပေးလျက်ရှိပါကြောင်း၊ ဆေးပညာ ဘွဲ့လွန်သင်တန်းများ၏ စာမေးပွဲများ ကျင်းပလျက် ရှိပြီး ဘွဲ့ကြိုသင်တန်း (နောက်ဆက်တွဲ) သင်တန်း များကိုလည်း ဖွင့်လှစ်ထားရှိကာ လာမည့်နှစ်ဆန်း ပိုင်းတွင် ဆေးတက္ကသိုလ်နောက်ဆုံးနှစ် အပိုင်း(ခ)သင်တန်းများလည်း ဆက်လက် ဖွင့်လှစ်မည်ဖြစ်ပါ ကြောင်း၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ယခုထက်ပိုမိုကောင်းမွန်စွာဖြင့် စေတနာ ရှေ့ထားကာ ကြိုးစားဆောင်ရွက်သွားစေလိုပါ ကြောင်း ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက် လာကြသူများ၏ တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်