ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး  ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

 

နေပြည်တော် အောက်တိုဘာ ၄


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုကြောင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူ များ၏           စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက်  တိုင်းစစ်ဌာနချုပ်   နယ်မြေအသီး သီးရှိ   အစိုးရ၊  တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုး မွေးမြူရေးနှင့်  အခြားလူသုံးကုန် လုပ်ငန်းများ    ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်  ထုတ်လုပ်နိုင်ရေး  ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီးနှင့်         ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာ များသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ   ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များသည် မိုင်းဖြတ်မြို့နှင့် မိုင်းယန်းမြို့နယ် များရှိ     တပ်ရင်း/  တပ်ဖွဲ့များမှ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ သို့ သွားရောက်ကြည့်ရှု၍ တာဝန် ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ   ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့်    လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း    သတင်းရရှိ သည်။
သတင်းစဉ်