ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ  ၂၄


တိုင်းစစ်ဌာနချုပ်         နယ်မြေ အသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင်  ဒေသတွင်းစိုက်ပျိုး မွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ     ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်   ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီးနှင့်  ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာ များသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ       ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် အနောက်တောင် တိုင်းစစ်ဌာနချုပ်            တိုင်းမှူး ဗိုလ်ချုပ်    အောင်အောင်နှင့် တာဝန်ရှိသူများသည်   ဧရာဝတီ တိုင်းဒေသကြီး     မြောင်းမြမြို့ နယ်မြေခံတပ်ရင်းရှိ      စိုက်ပျိုး မွေးမြူရေး     လုပ်ငန်းများကို လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ရသေ့တောင်တပ်နယ် နယ်မြေခံ တပ်ရင်းများရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို   လည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိ သူများနှင့်တွေ့ဆုံကာ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့်   လိုအပ် သည်များ           ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်