ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ  ၁၇


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက် အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့်   ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ထုတ်လုပ် နိုင်ရေး   ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ    ဝန်ကြီးချုပ်များ၊    တိုင်းမှူး များနှင့်   တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး          လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် ဇော်ဟိန်းနှင့်အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီ နယ်မြေ    ဥတ္တရသီရိမြို့နယ်အတွင်း နယ်မြေခံတပ် များရှိ နို့စားနွားမွေးမြူရေးလုပ်ငန်း၊ ဆိတ်မွေးမြူ ရေးလုပ်ငန်း၊     ဥစားကြက်မွေးမြူရေးလုပ်ငန်းနှင့်  DYL ဝက်မွေးမြူရေးလုပ်ငန်း     အခြေအနေတို့ကို လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်   အဖွဲ့ဝင်များ သည် မိုင်းတုံတပ်နယ်  နယ်မြေခံတပ်များ၌ စိုက်ပျိုး ရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ   ဆောင်ရွက် ထားရှိမှုတို့ကိုလည်းကောင်း၊      အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး   ပုသိမ် မြို့ရှိ  နယ်မြေခံသင်တန်းကျောင်း၌   စိုက်ပျိုးရေး လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုတို့ကိုလည်းကောင်း အသီးသီးသွားရောက် ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်