
နေပြည်တော် ဇူလိုင် ၆
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် နာရေးကူညီမှုအသင်း၊ လူမှုရေးရာ ကူညီမှုအဖွဲ့များထံသို့ အောက်ဆီဂျင်အိုး ၂၂ လုံးကို သန်လျင်တပ်နယ်မှ တပ်မတော်သားများက တပ်မတော် Oxygen Plan များမှ အောက်ဆီဂျင်များဖြည့်သွင်းပြီး သွားရောက်ပေးအပ်လှူဒါန်းကြောင်း သတင်းရရှိသည်။
သတင်းစဉ်