ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  ဇူလိုင်  ၇


ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို       ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။


နေ့စဉ်မြင့်တက်လျက်ရှိ


အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင် ဝင်းက လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား မှုသည်  နေ့စဉ်အရေအတွက်  မြင့်တက်လျက်ရှိရာ  မျိုးရိုးဗီဇပြောင်းရောဂါပိုးများကြောင့်   ရောဂါ ကူးစက်မှုနှုန်းနှင့် ရောဂါပိုးတွေ့ရှိသည့်ရာခိုင်နှုန်း မြင့်မားနေခြင်းကိုလည်း       တွေ့ရှိနေရပါကြောင်း၊ ကိုဗစ်-၁၉  ရောဂါ      ဖြစ်ပွားမှုအခြေအနေများကို ကျန်းမာရေးနှင့်     အားကစားဝန်ကြီးဌာနအနေဖြင့် မျက်ခြည်မပြတ်စောင့်ကြပ်ကြည့်ရှု၍  ပြည်နယ်/တိုင်းဒေသကြီး    ဖြတ်ကျော်ကူးသန်းသွားလာမှုများ တွင် ရောဂါစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ သံသယ လူနာများနှင့် အတည်ပြုလူနာနှင့်  ထိတွေ့ခဲ့သူများ အား  ဓာတ်ခွဲနမူနာများရယူစစ်ဆေးခြင်း၊  အသွား အလာကန့်သတ်ခြင်းလုပ်ငန်းများ  ဆောင်ရွက်ခြင်း၊ မိမိအိမ်တွင်သာနေထိုင်ခြင်း   အစီအစဉ်တွင်ပါဝင် သည့် မြို့နယ်များအား အချိန်နှင့်တစ်ပြေးညီ တိုးချဲ့ သတ်မှတ်ပေးလျက်ရှိခြင်း၊       (Stay at Home) အစီအစဉ်တွင် မပါဝင်သည့် မြို့နယ်များတွင်လည်း တိတိကျကျလိုက်နာရမည့်         ရောဂါကာကွယ် ထိန်းချုပ်ရေးစည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်၍ နေပြည်တော်ကောင်စီနယ်မြေနှင့်    သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးရှိ  စီမံ/အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့်ညှိနှိုင်းကာ     ဆောင်ရွက်လျက်ရှိပါ ကြောင်း။


ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ဆေး ရရှိမှုအပေါ်မူတည်၍  ဦးတည်အုပ်စုများကို  အချိန်နှင့် တစ်ပြေးညီ    ထိုးနှံပေးလျက်ရှိရာ   ကာကွယ်ဆေး အပြည့်အဝရရှိပြီးသူ  (၁ ဒသမ ၇၅)  သန်းခန့်ရှိပြီ ဖြစ်ပါကြောင်း၊      မကြာမီအချိန်ကာလအတွင်း ကာကွယ်ဆေးနှစ်သန်းခန့်  ထပ်မံရောက်ရှိမည်ဖြစ် ပြီး ယခုနှစ်အတွင်း ကာကွယ်ဆေးများ နောက်ထပ် ထပ်မံရရှိမည်ဖြစ်ပါကြောင်း၊  ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများကိုလည်း     မိမိတို့ အစီအစဉ်ဖြင့် ကာကွယ်ဆေးများ တင်သွင်းရောင်းချ ထိုးနှံခွင့်ကို   အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏   ခွင့်ပြုချက်ဖြင့်    ဆောင်ရွက်နိုင်ရေး အတွက် လမ်းဖွင့်ပေးထားပါကြောင်း။ 


အခမဲ့ဖြန့်ဝေပေး
ပြည်သူများအတွင်း       ရောဂါကာကွယ်ရေး အပြုအမူများ        ပိုမိုသတိပြုဆောင်ရွက်နိုင်ရေး အတွက် ဝန်ကြီးဌာနအနေဖြင့် ပါးစပ်နှင့် နှာခေါင်း စည်း (Surgical Mask) ဖြန့်ဝေခြင်းကို ဇွန်လအတွင်း အရေအတွက်  ၁၂ သန်း ဖြန့်ဝေပေးခဲ့ပြီး ဆက်လက်၍ နောက်ထပ်အရေအတွက် ငါးသန်းကို ဖြန့်ဝေပေးရန် စီစဉ်လျက်ရှိပါကြောင်း၊  အဆိုပါ ပါးစပ်နှင့် နှာခေါင်း စည်း (Surgical Mask) များကို မြို့နယ်၊    ရပ်ကွက်၊ ကျေးရွာများရှိ လူစည်ကားရာ စျေး၊ ကားဂိတ် စသည့် နေရာများတွင် အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရောဂါထိန်းချုပ်ရေးဆောင်ရွက် ရာတွင် စည်းမျဉ်းစည်းကမ်းများ တင်းတင်းကျပ်ကျပ် ချမှတ်ရသည်နှင့်အတူ တစ်ဖက်တွင်လည်း ပညာရေး၊ လူမှုရေး၊  စီးပွားရေး  ထိခိုက်မှုများရှိလာနိုင်သည့် အတွက် စနစ်တကျချင့်ချိန်၍ ဆောင်ရွက်ပါကြောင်း၊ သို့သော် ရောဂါကူးစက်ဖြစ်ပွားမှုများပြားလာသည် နှင့်အမျှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း များကို တိတိကျကျလိုက်နာစေရေးသည် အလွန် အဓိကကျသည့်အချက်ဖြစ်ပါကြောင်း။


စိစစ်ခွင့်ပြုပေးလျက်ရှိ


ရောဂါပိုးရှိသူနှင့်    ထိတွေ့သူများကို    ရှာဖွေ ဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း လုပ်ငန်း ကို ဆောင်ရွက်ရာတွင် ဓာတ်ခွဲစစ်ဆေး၍  ပိုးတွေ့ရှိ ခြင်းမရှိသူများကို  ပြည်သူလူထုအခြေပြု Facility Quarantine Center များတွင်     နေထိုင်နိုင်ရေး တတ်နိုင်သရွေ့ စီစဉ်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ နေရာများတွင် နေရာအခက်အခဲရှိပါက သတ်မှတ် ချက်နှင့် ပြည့်စုံသူများကို  မိမိအိမ်တွင်သာ အသွား အလာကန့်သတ်၍      နေထိုင်စေခြင်း   (Home quarantine)  ကို  စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရောဂါပိုးတွေ့ရှိထားသည့်   အတည်ပြုလူနာများကို လူနာ၏  ရောဂါအခြေအနေနှင့်   ကျန်းမာရေး စောင့်ရှောက်မှုပေးရန် လိုအပ်ချက်များအပေါ် မူတည်၍ ကုသရေးစင်တာများတွင် ဦးစွာထားရှိ၍ လိုအပ်ပါက ဗဟိုအဆင့်ဆေးရုံကြီးများသို့ လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများကိုလည်း  တိုးချဲ့ဖွင့်လှစ်လျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် သံသယလူနာ (PUI) လက်ခံကုသခြင်းကို   မြို့နယ် ပြည်သူ့ဆေးရုံအများစုတွင်  ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။


ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ အဓိက အရေးပါသည့် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး ကိုလည်း         အထူးဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊        ရရှိထားသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ လူသားအရင်းအမြစ် များကိုလည်း စနစ်တကျစီမံခန့်ခွဲ၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊  ထို့အပြင် လူသားအရင်းအမြစ်များ တိုးတက်ရရှိစေရေးကိုလည်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ နှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှသာ ဆေးရုံများ နှင့် ကုသရေးစင်တာများတွင် လူနာများ ပြည့်လျှံလာ ခြင်းကို  ရှောင်လွှဲနိုင်မည်ဖြစ်ပြီး  ရောဂါကြောင့်သေဆုံးမှုများကိုလည်း  လျှော့ချနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍    ကျန်းမာရေးနှင့်  အားကစား ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက နေ့စဉ်များပြားလျက်ရှိသည့် လူနာဦးရေကို လက်ခံ ကုသပေးနိုင်ရန်အတွက် (Bed Management Committee) ဖွဲ့စည်းဆောင်ရွက်နေမှု၊  လူနာလက်ခံ ကုသနိုင်မည့်  ခုတင်အရေအတွက်  တိုးမြှင့်နိုင်မည့် အခြေအနေ၊  လူ့စွမ်းအားအရင်းအမြစ်အခြေအနေများကို တင်ပြသည်။


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ သည့်  တပ်မတော်ဆေးဝန်ထမ်း  ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်က     တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိသည့်  အခြေအနေများနှင့် ရှေ့ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းများကို ဆွေးနွေး သည်။


တက်ရောက်
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန    ညွှန်ကြားရေးမှူးချုပ်    (ဝန်ကြီးရုံး)ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေး မှူးရုံးမှ  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                          

 

သတင်းစဉ်