
နေပြည်တော် အောက်တိုဘာ ၂၆
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ် ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာစစ်ဆေးထုတ်ပေးလျက်ရှိ ရာ ၂၆-၁၀-၂၀၂၁ ရက်နေ့၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီလေးခုမှ Food Supplement: Nutrition Poweder For Diabetasol ၂၄၉၆ ခု၊ Lykavir Inj: ၉၆၀၀ ၊ Pluse Oximeter ၄၂၆ ခု၊ ရန်ကုန်ဆိပ်ကမ်းများမှ Disposable Test Tube ၁၁၂ ခု၊ Medical Grade Fluid-Resistance Mask ၄၀၀၀၀ ၊ Medical Grade Face Mask ၄၀၀၀၀ ၊ Oxygen Concentrator ငါးခု၊ ဆေးဝါးမျိုးစုံ ၂၁ မျိုး ၁၀၂၈၉၁ ဒသမ ၀၇၉ Kg ၊ နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်)တွင် ကုမ္ပဏီ ခုနစ်ခုမှ Mask ၁၁၂၁၅ Kg ၊ Liquid Oxygen ၁၅၂၆၂ M3 ၊ PPE ၄၁၂၅၀၊ Shoe Cover ၃၂၅၆ Kg ၊ Syringe ၂၅၀၆၄ခု၊ Gloves ၁၉၃၈၂ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်