ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်

 

“ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး    ထိုးနှံထားခြင်းဖြင့်  ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုနှင့် ပြင်းထန်မှုတို့ကို လျော့နည်းစေနိုင်ခြင်း (အထူးအားဖြင့် နာတာရှည်ရောဂါ  ခံစားနေရသူ များနှင့် သက်ကြီးရွယ်အိုများ)၊  ရောဂါ၏  နောက်ဆက်တွဲပြဿနာဖြစ်သည့်  ကိုယ်တွင်းအင်္ဂါ များ ထိခိုက်ပျက်စီးမှုမှသည် အသက်အန္တရာယ်ဆုံးရှုံးမှုဖြစ်သည်အထိဖြစ်ပေါ်ခြင်းမှ  လျှော့ချ နိုင်ခြင်းတို့ကြောင့် အသက် (၅) နှစ်နှင့် အထက်ရှိသော ပြည်သူလူထုအားလုံးသည်   နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆက်သွယ်၍  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး   (ပထမအကြိမ်၊    ဒုတိယအကြိမ်နှင့်  ထပ်ဆောင်းကာကွယ်ဆေး) များကို မဖြစ်မနေ သွားရောက်ထိုးနှံပါရန် အသိပေးနှိုးဆော်အပ်ပါသည်။” 
ကျန်းမာရေးဝန်ကြီးဌာန
(၅-၇-၂၀၂၃)