
“ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် ပြင်းထန်မှုတို့ကို လျော့နည်း စေနိုင်ခြင်း (အထူးအားဖြင့် နာတာရှည်ရောဂါ ခံစားနေရသူ များနှင့် သက်ကြီးရွယ်အိုများ)၊ ရောဂါ၏ နောက်ဆက်တွဲ ပြဿနာဖြစ်သည့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးမှုမှ သည် အသက်အန္တရာယ်ဆုံးရှုံးမှုဖြစ်သည်အထိ ဖြစ်ပေါ် ခြင်းမှ လျှော့ချနိုင်ခြင်းတို့ကြောင့် အသက် (၅) နှစ်နှင့် အထက်ရှိသော ပြည်သူလူထုအားလုံးသည် နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး) များကို မဖြစ်မနေ သွားရောက် ထိုးနှံပါရန် အသိပေးနှိုးဆော်အပ်ပါသည်။”
ကျန်းမာရေးဝန်ကြီးဌာန
(၅-၇-၂၀၂၃)