ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘွဲ့လွန်သင်တန်းမှ ရပ်ဆိုင်းခံထားရသည့် သင်တန်းသားများ သင်တန်းပြန်လည်တက်ရောက်လိုပါက 
သတ်မှတ်ထားသည့်ရက်အတွင်း ပြန်လည်လျှောက်ထားလျှင် သီးခြားအစီအစဉ်တစ်ရပ်အနေဖြင့် လက်ခံနိုင်ရန်စီစဉ်ပေးမည်

နေပြည်တော်   ဇူလိုင်   ၁၆


ကျန်းမာရေးနှင့်    အားကစား ဝန်ကြီးဌာန ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၄)   ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန    နေပြည်တော်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ       သက်ခိုင်ဝင်း တက်ရောက်သည်။ 


အစည်းအဝေးတွင်     ပြည် ထောင်စုဝန်ကြီးက    ယခုအခါ မိမိတို့နိုင်ငံအတွင်း  ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပေါ်လျက်ရှိပြီး ကူးစက်မှု   မြင့်တက်လာသည့် အတွက်        ရောဂါကူးစက်မှု ကွင်းဆက် ဖြတ်တောက်နိုင်ရန်နှင့် ကူးစက်မှု    လျော့နည်းစေရေး အတွက်    သက်ဆိုင်ရာမြို့နယ် များအား    Stay   at  Home သတ်မှတ်ခြင်း၊    နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီမှလည်း ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်အထိကို အများပြည်သူတို့၏ အလုပ်ပိတ် ရက်များအဖြစ် သတ်မှတ်ထားပြီး ဖြစ်ရာ    ပြည်သူများအနေဖြင့် ရုံးပိတ်ရက်ရှည်  ကာလအတွင်း ခရီးသွားလာခြင်းမပြုဘဲ မိမိတို့၏ နေအိမ် သို့မဟုတ် အဆောင်များ တွင်   နေထိုင်ခြင်းဖြင့်  လည်း ကောင်း၊       ဝန်ကြီးဌာနများမှ ဝန်ထမ်းများ    အနေဖြင့်လည်း တာဝန်မှအပ   ခရီးမသွားရန်နှင့် ယခုရုံးပိတ်ရက်ရှည်အတွင်း မိမိ အိမ်တွင်   မိမိနေထိုင်ခြင်း၊   မိမိ အိမ်သို့ မလိုအပ်ဘဲ   ဧည့်သည် လက်မခံခြင်းဖြင့် ရောဂါကူးစက် ပြန့်ပွားမှုကို   ထိန်းချုပ်နိုင်ရေး တာဝန်တစ်ရပ်အနေဖြင့် လိုက်နာ ဆောင်ရွက်သွားရန်၊ ဆေးရုံများ အနေဖြင့်   လူနာလက်ခံရာတွင် မလိုလားအပ်သော    နှောင့်နှေးမှု များ   မရှိစေရေးနှင့်   ဦးစားပေး လူနာအလိုက် အ‌ရေးပေါ်ကုသမှု ရရှိအောင်  ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။


ပုဂ္ဂလိက ဆေးရုံများမှလည်း ကိုဗစ်-၁၉ လူနာများအား လက်ခံ ကုသပေးသွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉   ရောဂါကုသမှုနှင့် သက်ဆိုင်သည့်        အရေးကြီး ဆေးဝါးနှင့် ဆေးပစ္စည်းများမပြတ် လပ်စေရေးနှင့် အခက်အခဲမရှိစေ ရေး အထူးဂရုပြုစီစဉ်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊   တိုင်း‌ ဒေသကြီးနှင့်      ပြည်နယ်များ အလိုက်   အောက်ဆီဂျင်လိုအပ် ချက်ကို     အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းနိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်        ကိစ္စရပ်နှင့် ပတ်သက်၍  စေတနာ့ဝန်ထမ်းများ၊ ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင် ဝန်ထမ်းများအား  ဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားကြောင်း၊ လုပ်ငန်း ခွင်မှ  ပျက်ကွက်နေသူများအနေ ဖြင့် မိခင်ဝန်ကြီးဌာနသို့ ပြန်လည် ဝင်ရောက်   တာဝန်ထမ်းဆောင် လိုပါက စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပြန်လည်ဝင်ရောက်နိုင်ပြီး ပြည်သူ့ ဆေးရုံများနှင့် ကိုဗစ်-၁၉  ရောဂါ ကုသရေးဌာနများတွင် တာဝန် ထမ်းဆောင်နိုင်ရန် စီစဉ်သွား မည်ဖြစ်ကြောင်း၊          ဘွဲ့လွန် သင်တန်းမှ ရပ်ဆိုင်းခံထားရသည့် သင်တန်းသားများ       ပြန်လည် သင်တန်းတက်ရောက်လိုပါက သတ်မှတ်ထားသည့် ရက်အတွင်း ပြန်လည်   လျှောက်ထားပါက သီးခြားအစီအစဉ်တစ်ရပ်အနေ ဖြင့် လက်ခံနိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။ 


ထို့နောက်    အစည်းအဝေး သို့   တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်၊   ဒုတိယ ညွှန်ကြားရေးမှူးချုပ်    များနှင့် ညွှန်ကြားရေးမှူးများက ကိုဗစ်-၁၉      ရောဂါကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင် ရွက်ထားရှိမှု  အခြေအနေများ၊ သားဖွားဆရာမ   ရာထူးနေရာ  ၁၀၀၀ အမြန်ဆုံးခန့်ထားနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုနှင့် ပြည်သူ့ ဆေးရုံများနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနများသို့     နေ့စဉ် အောက်ဆီဂျင်တင်သွင်းဖြန့်ဝေမှု အခြေအနေများ၊ ရရှိပြီးဆေးနှင့် Test Kit များ အချိန်မီဖြန့်ဝေနေမှု အခြေအနေတို့အား  တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းပေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယနေ့ပြုလုပ်သည့်  အစည်း အဝေးသို့     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ       မြတ်ဝဏ္ဏစိုးနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ      တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။    

 သတင်းစဉ်