ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်းလူမှုရေး (ပရဟိတ) အသင်းအဖွဲ့များအား ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်

 

နေပြည်တော်  ဇူလိုင်   ၂၃


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်း လူမှုရေး(ပရဟိတ)အသင်းအဖွဲ့များအား ယနေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများက မုံရွာမြို့ရှိ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
 

 

ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က လူမှုရေး (ပရဟိတ)အသင်း အဖွဲ့များအား ဂုဏ်ပြုအားပေးစကားပြောကြားပြီး ပရဟိတအသင်းအဖွဲ့များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ထို့နောက်   တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နှင့် တိုင်းမှူးတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသည့် စေတနာ့ဝန်ထမ်း (ပရဟိတ)အသင်းအဖွဲ့ ၁၂ ဖွဲ့အတွက် ရောဂါကာကွယ် ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် လက်သန့် ဆေးဘူး၊ လက်ဆေးဆပ်ပြာရည်၊ Surgical Mask၊ Ngs Mask၊ PPE ဝတ်စုံ၊ Face Shield ၊ အပူချိန်တိုင်း ကိရိယာနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ကို ထောက်ပံ့ပေးအပ်ရာ စေတနာ့ဝန်ထမ်း(ပရဟိတ) အသင်းအဖွဲ့ ၁၂ ဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်