ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော်  နိုဝင်ဘာ    ၁၄


တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင်  စွမ်းစွမ်းတမံ  ကူညီဆောင် ရွက်ပေးခဲ့ကြသည့် ကျန်းမာရေး  ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့ နံနက်ပိုင်းတွင်     ထားဝယ်မြို့နယ် ခန်းမ၌ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့်     ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ကျန်းမာရေး ဝန်ထမ်းများ     တက်ရောက်ကြ သည်။

 


ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က      ကိုဗစ်-၁၉    ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး လုပ်ငန်းများတွင် ကူညီဆောင် ရွက်ပေးခဲ့သူများအား    ဂုဏ်ပြု အမှာစကား ပြောကြားသည်။ 

 


ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး လုပ်ငန်းများတွင်    စွမ်းစွမ်းတမံ  ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှု ရေးအသင်းအဖွဲ့များနှင့်   ဌာန ဆိုင်ရာဝန်ထမ်းများအား ဝန်ကြီး ချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန် ရှိသူတို့က  ဂုဏ်ပြုမှတ်တမ်းလွှာ များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း   သတင်းရရှိ သည်။                      

သတင်းစဉ်