ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော်   နိုဝင်ဘာ   ၁၁


ပဲခူးတိုင်းဒေသကြီးအတွင်း   ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊   ထိန်းချုပ်၊   ကုသရေး   လုပ်ငန်းများတွင် စွမ်းစွမ်းတမံ     ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများအား   ဂုဏ်ပြုချီးမြှင့်ခြင်းကို နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ပဲခူးမြို့၊ မြို့တော် ခန်းမ၌ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့သူများအား   ဂုဏ်ပြုအမှာ စကား ပြောကြားသည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊   ထိန်းချုပ်၊   ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ    ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများအား တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြရာ တာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်