ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များကကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း


 

နေပြည်တော် စက်တင်ဘာ  ၂၀    


ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်   စေတနာရှင်  အလှူရှင်များက  ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊  ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင် အိုးများနှင့် အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ  ကချင်ပြည်နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက်   ယနေ့တွင်  စေတနာရှင် အလှူရှင်များဖြစ်သည့်    မူဆယ်မြို့ ရွှေလျှက်ကုမ္ပဏီနှင့်     ရွှေလီမြို့  ဟုန်ဖွာကုမ္ပဏီတို့မှ   Oxygen  Concentrator  ၁၀ လုံး၊ PPE ဝတ်စုံ အစုံ ၅၀၀နှင့်  Surgical Mask အခု၃၀၀၀၀၀တို့ကို ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ ၌ လာရောက်လှူဒါန်းကြရာ  ပြည်နယ်ဝန်ကြီးချုပ်  ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးတို့က လက်ခံယူပြီး    ဂုဏ်ပြုမှတ်တမ်းလွှာများ     ပြန်လည်ပေးအပ်ကြောင်း သိရသည်။ 
သတင်းစဉ်