ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဒီဇင်ဘာ   ၂


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊  ချင်းရွှေ ဟော်၊ ကျိုင်းတုံကုန်သွယ်ရေးစခန်းများနှင့် မြဝတီကုန်သွယ်ရေးဇုန်တို့မှ ကုမ္ပဏီငါးခု၊ ယာဉ်စီးရေ ရှစ်စီးဖြင့် အောက်ဆီဂျင်အရည် Bowser ယာဉ် တစ်စီးဖြင့် တန် ၂၀၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၅၁၄ ခုနှင့် နှာခေါင်းစည်း ၃၂   တန်တို့ကို တင်သွင်းခဲ့ပြီး အောက်ဆီဂျင် အရည်(Bowser)ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက် ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး   စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။                                                                                        

သတင်းစဉ်