ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ  ၇


စီးပွားရေးနှင့်     ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန   အနေဖြင့် ကိုဗစ်-၁၉     ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊        ကုသရေးဆိုင်ရာ ပစ္စည်းများကို   လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ         နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက်   အချိန်နှင့်   တစ်ပြေးညီ စီစဉ်  ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ် ရေးစခန်း   (ဝဲပုံ)   နှင့်   မြဝတီ ကုန်သွယ်ရေးဇုန်တို့မှ တင်သွင်း ရာ၌ ကုမ္ပဏီ သုံးခုမှ   ယာဉ်စီးရေ   သုံးစီးဖြင့်၊ အောက်ဆီဂျင်(အရည်) Bowser တစ်စီးဖြင့်  တန် (၂၀)၊ Oxygen Plant တစ်ခု၊ အိမ်သုံး အောက်ဆီဂျင်စက်     (Oxygen Concentrator)  အခု  ၈၀၊  PPE  ဝတ်စုံ ၁၀၀၀ နှင့် နှာခေါင်းစည်း (Mask) (၃) တန် တို့ကို   တင်သွင်း ခဲ့ပြီး   Oxygen  Bowser  ယာဉ် တစ်စီးမှာ မြဝတီကုန်သွယ်ရေး ဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ပြီး အောက် ဆီဂျင် Plant (၁) ခုမှာ ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်းမှ    ဧရာ ဝတီတိုင်းဒေသကြီး   ဓနုဖြူမြို့သို့ ဖြစ်ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊       ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့်  ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်     ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး    ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm        တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး   စီစဉ် ဆောင်ရွက်    ပေးထားကြောင်း သိရသည်။ 


သတင်းစဉ်