
နေပြည်တော် ဒီဇင်ဘာ ၁၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင် သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်း/ လေဆိပ် များ၊ မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း တို့မှ ကုမ္ပဏီသုံးခုမှ ယာဉ်စီးရေ ခြောက်စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီး တန် ၂၀ နှင့် နှာခေါင်းစည်း(Mask) ၃၆ တန်တို့ကို တင်သွင်းသည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ် ရေးဇုန်မှ ရန်ကုန်မြို့သို့ တင်သွင်း ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စီစဉ်ဆောင်ရွက်ပေးထား
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ပါကြောင်း သိရှိရသည်။
သတင်းစဉ်