
နေပြည်တော် အောက်တိုဘာ ၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ၌ ကုမ္ပဏီသုံးခုမှ ယာဉ်စီးရေ ငါးစီးဖြင့် အောက်ဆီဂျင် (အိုးခွံ) ၁၀၀ ၊ Oxygen Generator နှစ်ခု ၊ PPE ဝတ်စုံ ၂၇၅၀ နှင့် နှာခေါင်းစည်း (Mask) ၁၇ တန် တင်သွင်းခဲ့သည်။
အောက်တိုဘာ ၁ ရက်မှ ၉ ရက်အတွင်း ကုမ္ပဏီ ၂၄ ခုမှ ယာဉ်စီးရေ ၅၇ စီးဖြင့် အောက်ဆီဂျင် အရည်(Bowser)ယာဉ်ဖြင့် ၇၈ တန်၊ Storage Container နှစ်ခု၊ အောက်ဆီဂျင်(အရည်) Distri-butor သုံးခု၊ အောက်ဆီဂျင် (အိုးခွံ) ၈၆၉၂ ခု၊ Oxygen Plant ၁၀ ခု၊ Oxygen Generator နှစ်ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၆၇၅ ခု၊ Test Kit ၁၀၀၀၀ ၊ PPE ဝတ်စုံ ၂၇၅၀ ၊ လက်အိတ် ၁၆ တန်နှင့် နှာခေါင်းစည်း (Mask) ၂၃၄ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
အောက်တိုဘာ ၁ ရက်မှ ၉ ရက်အတွင်း ပြည်ပမှ တင်သွင်းသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း လေးစီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant စုစုပေါင်း ၁၀ ခုမှာ ရန်ကုန်မြို့သို့ ငါးခု၊ ကူမဲမြို့သို့ နှစ်ခု ၊ မန္တလေးမြို့၊ ဟုမ္မလင်းမြို့ နှင့် ကျုံဒိုးမြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရှိရ သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
သတင်းစဉ်