ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ   ၁၀


စီးပွားရေးနှင့်     ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်   ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်း၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီနှစ်ခုမှ ယာဉ်စီးရေ နှစ်စီးဖြင့် အောက်ဆီဂျင်အရည် Bowser တစ်စီး တန် ၂၀၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက်(Oxygen Generator) နှစ်ခုနှင့် နှာခေါင်းစည်း (Mask) ၈၆ တန်တို့ကို တင်သွင်းခဲ့ပြီး OxygenBowser ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ်ရေး ဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင် ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင်  ဝင်ရောက်ကြည့်ရှုနိုင်ရေး  စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။                                       

သတင်းစဉ်