
နေပြည်တော် နိုဝင်ဘာ ၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင် သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် အပြည် ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ငါးခုမှ ယာဉ်စီးရေ ခုနစ်စီးဖြင့် အောက်ဆီ ဂျင်အိုးခွံ ၁၆၀၊ အောက်ဆီဂျင် Plant တစ်ခု၊ အိမ်သုံးအောက်ဆီ ဂျင်စက် (Oxygen Concentrator) ၁၃ခု၊ PPE ဝတ်စုံ ၁၈၈၀၀ နှင့် နှာခေါင်းစည်း (Mask) ၄၄ တန် တို့ကို တင်သွင်းခဲ့ပြီး အောက်ဆီ ဂျင် Plant တစ်ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရ သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်းအများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ပါကြောင်း သိရသည်။ သတင်းစဉ်