ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၂၀


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ  ပစ္စည်းများကို လေကြောင်း၊    ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး             ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မူဆယ် နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းနှစ်ခုတို့မှ    တင်သွင်းရာ၌ ကုမ္ပဏီသုံးခုမှ ယာဉ်စီးရေ လေးစီး ဖြင့် နှာခေါင်းစည်း (Mask) ၂၅ တန်   တင်သွင်းခဲ့ကြောင်း  သိရ သည်။

 


စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန   အနေဖြင့် ကိုဗစ်-၁၉  ရောဂါ         ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေး အတွက် သက်ဆိုင်ရာဌာနများနှင့်  ညှိနှိုင်းထားသည့်     SOPများ နှင့်အညီ   ဦးစားပေး    တင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်  သက်ဆိုင်သည့် အသိပေး   ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website  ဖြစ်သည့် commerce.gov.mm      တွင် ဝင်ရောက်     ကြည့်ရှုနိုင်ရေးစီစဉ် ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။              

သတင်းစဉ်