
နေပြည်တော် ဇန်နဝါရီ ၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်း နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေး ညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ် ရေးစခန်း ကုမ္ပဏီတစ်ခုက ယာဉ်စီးရေ သုံးစီးဖြင့် နှာခေါင်း စည်း (Mask) ၂၂ တန် တင်သွင်း ခဲ့သည်။
ဇန်နဝါရီ ၁ ရက်မှ ၈ ရက် အတွင်း ကုမ္ပဏီနှစ်ခုမှ ယာဉ်စီးရေ လေးစီး အောက်ဆီဂျင်အရည် (Bowser) ယာဉ်တစ်စီးဖြင့် တန် ၂၀၊ နှာခေါင်းစည်း(Mask) ၂၂ တန် တို့ကို တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
ဇန်နဝါရီ ၁ ရက်မှ ၈ ရက် အတွင်း ပြည်ပမှတင်သွင်းခဲ့သည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ် ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ် ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်