ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ  ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော်  ဒီဇင်ဘာ  ၂၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်း နှင့်  နယ်စပ်ကုန်သွယ်ရေးစခန်း များမှ   နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း တို့မှ ကုမ္ပဏီ လေးခု၊ ယာဉ်စီးရေ ၁၅ စီးဖြင့် အောက်ဆီဂျင် Plant တစ်ခု၊   PPE ဝတ်စုံ   ၅၀၀ နှင့် နှာခေါင်းစည်း (Mask) ၉၃ တန် တို့ကို   တင်သွင်းခဲ့ပြီး   အောက် ဆီဂျင်  Plant  တစ်ခုမှာ မူဆယ် (၁၀၅)  မိုင်   ကုန်သွယ်ရေးဇုန်မှ မန္တလေးမြို့သို့ဖြစ်ကြောင်း သိရ သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်  SOP  များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်းအများ ပြည်သူသိရှိစေရန်  ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရှိရသည်။ သတင်းစဉ်