
နေပြည်တော် နိုဝင်ဘာ ၁၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာ မှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မြဝတီ၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းသုံးခုတို့မှ တင်သွင်းရာ ကုမ္ပဏီလေးခုမှ ယာဉ်စီးရေ ရှစ်စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်တစ်စီးဖြင့် တန် ၂၀၊ အောက်ဆီဂျင် Plant ခြောက်ခုနှင့် နှာခေါင်းစည်း Mask ၂၇ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်) Bowser ယာဉ်တစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး အောက်ဆီဂျင် Plant ခြောက်ခုမှာ ရေစကြိုမြို့၊ မြို့သစ်မြို့တို့သို့ နှစ်ခုစီနှင့် မြစ်ကြီးနားမြို့၊ ရေနံချောင်းမြို့တို့သို့ တစ်ခုစီ ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁ ရက်မှ ၁၃ ရက်အတွင်း ကုမ္ပဏီ ၃၇ ခုမှ ယာဉ်စီးရေ ၇၀ ဖြင့် အောက်ဆီဂျင်အရည်(Bowser)ယာဉ်ဖြင့် ၁၅၅ တန်၊ အောက်ဆီ ဂျင်ဓာတ်ငွေ့ (Bowser) ယာဉ်ဖြင့် ခြောက်တန်၊ အောက်ဆီဂျင်(အိုးခွံ) ၆၃၆၀ ၊ OxygenPlant ၁၃ ခု၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် ၁၅ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၁၂၃ ခု၊ PPE ဝတ်စုံ ၈၃၄၀၀ ၊ လက်အိတ် ၃၇ တန်နှင့် နှာခေါင်းစည်း (Mask) ၃၉၈ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
နိုဝင်ဘာ ၁ ရက်မှ ၁၃ ရက်အတွင်း ပြည်ပမှတင်သွင်းသည့် အောက် ဆီဂျင်အရည် (Bowser) ယာဉ်စုစုပေါင်း ရှစ်စီးမှာ ရန်ကုန်မြို့သို့ ငါးစီး၊ မော်လမြိုင်မြို့သို့ နှစ်စီးနှင့် နေပြည်တော်သို့ တစ်စီးဖြစ်ပြီး Oxygen Plant စုစုပေါင်း ၁၃ ခုမှာ ရန်ကုန်မြို့သို့ ခြောက်ခု၊ ရေစကြိုမြို့၊ မြို့သစ်မြို့တို့သို့ နှစ်ခုစီနှင့် ဓနုဖြူမြို့၊ မြစ်ကြီးနားမြို့၊ ရေနံချောင်းမြို့ တို့သို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များ ကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရှိရသည်။
သတင်းစဉ်