
နေပြည်တော် ဒီဇင်ဘာ ၁၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်း နိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် အပြည် ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ ကုမ္ပဏီငါးခု ယာဉ်စီးရေ ၁၀ ၊ အောက်ဆီဂျင်(အရည်) Bowser ယာဉ်တစ်စီးဖြင့် တန် ၂၀၊ အောက်ဆီဂျင်(အိုးခွံ) ၅၀ ၊ အိမ်သုံးအောက်ဆီဂျင်စက် Oxygen Concentrator နှစ်ခု၊ PPE ဝတ်စုံ ၃၄၄၀ ၊ လက်အိတ် ၀ ဒသမ ၁ တန်နှင့် နှာခေါင်းစည်း (Mask) ၅၇ တန်တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်)Bowser ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ် ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ် ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်