ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော်  ဒီဇင်ဘာ  ၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊   ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊     ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး    စခန်းများ မှ     နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ     စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ          ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း (ယာပုံ)၊ ကျိုင်းတုံ    ပို့ကုန်သွင်းကုန် ရုံးနှင့် မြဝတီကုန်သွယ်ရေးဇုန်တို့ မှ ကုမ္ပဏီခြောက်ခု၊  ယာဉ်စီးရေ ၁၆ စီးဖြင့်  အောက်ဆီဂျင်အရည် (Bowser)ယာဉ်တစ်စီးဖြင့် ၁၉ တန် နှင့်     နှာခေါင်းစည်း (Mask) ၉၃ တန်တို့ကို     တင်သွင်းခဲ့သည်။  အောက်ဆီဂျင်အရည် (Bowser) ယာဉ်တစ်စီးမှာ  မြဝတီကုန်သွယ် ရေးဇုန်မှ     ရန်ကုန်မြို့သို့    ဖြစ် ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊     ကုသရေး ဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာ  ဌာန များနှင့်  ညှိနှိုင်းထားသည့်   SOP များနှင့်အညီ  ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်      ရှိကြောင်းနှင့် ဆေးဝါးနှင့်   ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်   ဆက်စပ်သည့် အသိပေး  ကြေညာချက်များကို လည်း  အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန  Website  ဖြစ်သည့် commerce.gov.mm     တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး    စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။         သတင်းစဉ်