ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် ဒီဇင်ဘာ ၄


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊   ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး  စခန်းများ မှ     နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမှ တင် သွင်းရာ ကုမ္ပဏီသုံးခုမှ    ယာဉ် ငါးစီးဖြင့် နှာခေါင်းစည်း Mask ၃၇ တန် တင်သွင်းခဲ့သည်။    

 


နိုဝင်ဘာ  ၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အတွင်း ကုမ္ပဏီ ၈၁  ခုမှ ယာဉ် ၁၆၆ စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် ၄၀၆  တန်၊    အောက်ဆီဂျင်ဓာတ်ငွေ့ (Bowser)   ယာဉ်ဖြင့် ခြောက်တန်၊    အောက်ဆီဂျင် (အိုးခွံ) ၁၀၁၈၈ ခု၊ Oxygen Plant ၄၆ ခု၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက် ၁၆ ခု၊ အိမ်သုံး အောက်ဆီဂျင်စက်    (Oxygen Concentrator)  ၉၆၂ ခု၊ PPE အစုံ ၈၃၈၄၀ ၊ လက်အိတ် ၄၃ တန်နှင့် နှာခေါင်းစည်း (Mask)  တန် ၈၃၀ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

 


နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၄ရက်အတွင်း ပြည်ပမှ တင်သွင်း သည့်    အောက်ဆီဂျင်အရည် (Bowser)ယာဉ်စုစုပေါင်း အစီး ၂၀ မှာ ရန်ကုန်မြို့သို့   ၁၇  စီး၊ မော်လမြိုင်မြို့သို့       နှစ်စီးနှင့် နေပြည်တော်သို့ တစ်စီးဖြစ်ပြီး Oxygen Plant စုစုပေါင်း ၄၆ ခုမှာ ရန်ကုန်မြို့သို့  ၃၇ ခု၊ ရေစကြိုမြို့၊ မြို့သစ်မြို့၊ မြစ်ကြီးနားမြို့တို့သို့ နှစ်ခုစီနှင့် မန္တလေးမြို့၊ ဓနုဖြူမြို့၊ ရေနံချောင်းမြို့တို့သို့    တစ်ခုစီ ဖြစ်ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP   များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် ဆက်စပ်သည့်အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့်  commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။  


သတင်းစဉ်