
နေပြည်တော် အောက်တိုဘာ ၂၂
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ ကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင် သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများ၊ မြဝတီနှင့် ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်းနှစ်ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ နှစ်ခုမှ ယာဉ်စီးရေ လေးစီးဖြင့် OxygenPlant ကိုးခု၊ Test Kit ၁၀၅ခုနှင့် လက်အိတ် ရှစ်တန် တင်သွင်းခဲ့ပြီး Oxygen Plant ကိုး ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ လေးခု၊ ချင်းရွှေဟော်မှ ဆင်ပေါင်ဝဲ မြို့၊ မင်းတုန်းမြို့၊ သရက်မြို့၊ စလင်းမြို့နှင့် ပွင့်ဖြူမြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ ကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOPများနှင့် အညီ ဦးစားပေးတင်သွင်းခွင့် ပြုပေး လျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေး ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce . gov .mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်