
နေပြည်တော် စက်တင်ဘာ ၂၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်း နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေး ညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ရာ စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက် တီး၊ ကျိုင်းတုံနှင့် မြဝတီကုန်သွယ် ရေးစခန်းငါးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီခြောက်ခုမှ ယာဉ်စီးရေ ရှစ်စီးဖြင့် အောက်ဆီဂျင်(အရည်) Bowserယာဉ် သုံးစီးဖြင့် ၄၃ တန်၊ အောက်ဆီဂျင် (အိုးခွံ) ၁၈၉၂ ခု၊ Oxygen Plant ခုနစ်ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၄၀၁ ခုနှင့် နှာခေါင်းစည်း(Mask) ၀ ဒသမ ၄၅ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်သုံးစီးမှာ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် မော်လမြိုင်မြို့ တို့သို့ တစ်စီးစီဖြစ်ပြီး Oxygen Plant ခုနစ်ခုမှာ ရန်ကုန်မြို့သို့ ငါးခု၊ ကွတ်ခိုင်မြို့သို့ တစ်ခုနှင့် ကျိုင်းတုံမြို့သို့ တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။
ဦးစားပေးတင်သွင်း
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှတင်သွင်း ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိ စေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အနေဖြင့် သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေး ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။
သတင်းစဉ်