
နေပြည်တော် ဒီဇင်ဘာ ၁၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ မှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီလေးခုမှ ယာဉ်စီးရေ ရှစ်စီးဖြင့် နှာခေါင်း စည်း (Mask) ၅၆ တန် တင်သွင်း ခဲ့သည်။
ဒီဇင်ဘာ ၁ ရက်မှ ၁၈ ရက် အတွင်း ကုမ္ပဏီ ၆၄ ခုမှ ယာဉ်စီး ရေ ၁၅၉ စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် ၂၄၅ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၁၂၈၂၆ ခု၊ Oxygen Plant တစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxy-gen Concentrator) ၅၁၄ ခု Covid Test Kit ၁၉၅၇ ခု၊ PPE ဝတ်စုံ ၁၅၂၈၀၊ လက်အိတ်၂၆ တန် နှင့် နှာခေါင်းစည်း (Mask) ၉၀၈ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
ဒီဇင်ဘာ ၁ ရက်မှ ၁၈ ရက် အတွင်း ပြည်ပမှ တင်သွင်းသည့် အောက်ဆီဂျင်အရည်(Bowser)ယာဉ်စုစုပေါင်း ၁၃ စီးမှာ ရန်ကုန် မြို့သို့ ၁၀ စီး၊ မန္တလေးမြို့သို့ နှစ်စီးနှင့် မုံရွာမြို့သို့ တစ်စီးဖြစ်ပြီး Oxygen Plant တစ်ခုမှာ မန္တလေး မြိုသို့ဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာ ဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
သတင်းစဉ်