ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၁


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉    ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊      ကုသရေးဆိုင်ရာ   ပစ္စည်းများကို      အများပြည်သူ   ရုံးပိတ်ရက်များ တွင်  လေကြောင်း၊  ရေကြောင်း နှင့်   နယ်စပ်ကုန်သွယ်ရေးစခန်း များမှ       နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်    အချိန် နှင့်တစ်ပြေးညီ  စီစဉ်ဆောင်ရွက်        ပေးလျက်ရှိသည်။
ယနေ့တွင်   ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်း များနှင့်  မူဆယ်၊   ချင်းရွှေဟော်၊  လွယ်ဂျယ်နှင့်    မြဝတီကုန်သွယ် ရေး စခန်းလေးခုတို့တွင် ကုမ္ပဏီ ၁၃ ခုမှ ယာဉ်စီးရေ ၁၉ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်    နှစ်စီးဖြင့်   တန်    ၄၀၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် ၇၇  တန်၊  Storage  Container  တစ်ခု၊    အောက်ဆီဂျင်   (အိုးခွံ)  ၇၂၆၉ ခု၊ အိမ်သုံး Oxygen Con-centrator   ၃၁၇ ခု၊   Test   Kit ၁၂၀၀၊   PPE  ဝတ်စုံ  ၃၈၇၇   စုံ နှင့် နှာခေါင်းစည်း(Mask) ၄၁ တန် တင်သွင်းခဲ့ပြီး     အောက်ဆီဂျင် အရည်(Bowser) ယာဉ် နှစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရ သည်။
စီစဉ်ဆောင်ရွက် 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊      ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်       ရှိပါကြောင်း နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း များ တင်သွင်းခြင်းနှင့် ဆက်စပ် သည့်    အသိပေးကြေညာချက် များကိုလည်း       အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန    Web-site ဖြစ်သည့် commerce.gov.mm  တွင်     ဝင်ရောက်ကြည့်ရှု နိုင်ရေးစီစဉ်ဆောင်ရွက် ပေးထား ပါကြောင်း သိရသည်။ 

သတင်းစဉ်