ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ  ၂၁


အကောက်ခွန်ဦးစီးဌာနအနေဖြင့်  ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊  ကုသရေးပစ္စည်းများအား  ရေကြောင်း၊ နယ်စပ်ဂိတ်အသီးသီးမှ  နေ့စဉ်လွယ်ကူချောမွေ့စွာ  စစ်ဆေးထုတ်ပေးလျက်ရှိသည်။   ထိုသို့ ထုတ်ပေးလျက်ရှိရာ  အောက်တိုဘာ ၂၀ ရက်တွင် နယ်စပ်(ချင်းရွှေဟော်) ၌ ကုမ္ပဏီငါးခုတို့မှ Mask ၁၈၆၁၇ Kg ၊ Disposable Cap ၁၃၆၀Kg ၊ Oxygen Plant ငါးခု၊ Syringe ၂၈၁၇၆ ခု၊ Face Shield ၆၀၀ Kg တို့အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။      

 

သတင်းစဉ်