
နေပြည်တော် စက်တင်ဘာ ၁၂
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ နယ်စပ် ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် စက်တင်ဘာ ၁၂ ရက်က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီသုံးခုမှ Omparine E Injection ၂၀၀၀၀၊ Vinoxarin Injection ၁၀၀၇၆ ခု၊ Paracetamol Tablet ၁၀၀၀၊ CPM-D Syrup ၄၇၀၀၊ Dexamethasone Tablet ၁၀၀၀၊ Dzinc Tablet ၂၀၀၀၊ Enoxaparin Sodium Injection ၁၀၀၈ ခု၊ နယ်စပ် (ချင်းရွှေဟော်၊ မြဝတီ) တွင် ကုမ္ပဏီခြောက်ခုတို့မှ Oxygen Cylinder ၁၂၇ ခု၊ Mask ၆၇၂၉၅ Kg ၊ Liquid Oxygen ၁၅၄၆၉ m3 ၊ Flow Meter ၇၀၀၊ PPE ၁၆၀၀၊ Oxygen Plant သုံးခု၊ Glucose Injection ၃၀၄၈၀ Kg ၊ Dead Body Bag ၁၄၀၀ Kg၊ Face Shield ၉၀ Kg ၊ Filling Pump လေးခု၊ Viporizer သုံးခု၊ Filling Station ငါးခု၊ Trolley ၂၅ ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်