ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်‌ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်‌တော်    ဇွန်   ၂၄


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊    ထိန်းချုပ်၊   ကုသရေးပစ္စည်းများကို လေကြောင်း၊    ဆိပ်ကမ်းနှင့်   နယ်စပ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိရာ ဇွန် ၂၄ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ကုမ္ပဏီလေးခုမှ Mumfer Tablet ၃၀၄၅ ခု၊ Medimox-CV 625  Tablet  ၂၁၆၃ ခု၊ Panzol  Tablet  ၁၅၇၅၀ ၊ Relcer Gel ၁၂၉၅၇  ခု၊ Momate-S Ointment ၁၄၇၀ ၊ Adcarp Injection ၅၀၀ ၊ Adpaxil Injection ၁၇၀၀ ၊ ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါး မျိုးစုံ ၄၃၆ မျိုး စုစုပေါင်း ၃၀၀၆၄ ဒသမ ၉၆ KG ၊ နယ်စပ်(ချင်းရွှေဟော်) တွင် ကုမ္ပဏီတစ်ခုမှ Hanma Disposable Syringe (3ml) ၆၀၀၀ ၊ Hanako Infsion   Set   ၈၀၄၀  တို့ကို  ထုတ်ပေးခဲ့ကြောင်း သိရသည်။                              

သတင်းစဉ်