ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

 

နေပြည်တော်   မေ   ၃၀
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား   ရေကြောင်း၊  လေကြောင်း၊  ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်အသီးသီးမှ  နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။ 
မေ ၃၀ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ ၁၁ ခုမှ Cerox-A 500 Tablet ၄၉၂၃ ခု၊ Micosonazole Nitrate BP ၁၆၀၀ ၊ Xytrex 10 Tablet ၁၉၂၀၊ Relcer Tablet ၅၅၈၇ ခု၊ Deriva MS Gel 15G ၇၈၇၂ ခု၊ Relcer TGEL ၈၃၂၃ ခု၊ Derise 25 InJection ၂၀၊ Derise 40 InJection ၂၀၊ Rilast 100 Concentrate ၁၀ ခု၊ Rilast 500 Concentrate ၁၀ ခု၊ Actitop (Capsule) ၁၀၀၀၊ Zurig 40 Tablet ၃၆၇၂ ခု၊ Martians With Imunactiv Tablet ၁၄၄၀၀၊ BR Imson Plus Eye Drop ၅၀၊ Vydee 5 MG Injection ၅၀၊ Moxiopt 0.5 % Eye Drops ၅၀၊ Travson 0.004 % Eye Drops ၅၀၊ Enhancin 1G Tablet ၃၈၀၀၊ Zobactum Powder For Injection ၈၃၅၀၊ Tridosil 500 Tablet ၃၅၀၀၀၊ Ricovir 300 MG Tablet ၅၅၉၇ ခု၊ Tenepan (3 X 10's) Tablet ၁၄၄၅၀ ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၂၃ မျိုး ၃၁၃၆၃ ဒသမ ၇၉ Kg နှင့် နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီတစ်ခုမှ Cetirizine Tablet ၃၄၄၀၀ ၊ Amox-500 Capsule ၃၄၀၀၊ Diclo Tablet ၆၃၀၀၊ VE-400 Capsule ၄၀၀၀၀ ၊ Diclo Injection ၇၈၂၄၀ ၊ Rani Injection ၂၉၈၀၊ Yi Xin Infusion Set ၉၃၂၀၊ Haoxi Infusion Set ၈၃၂၀၊ Hanma Disposable Syringe (3ML) ၁၄၈၅၀ တို့ကို ထုတ်ပေး ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်