
နေပြည်တော် ဇန်နဝါရီ ၆
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်းအသီးသီး မှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဇန်နဝါရီ ၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီတစ်ခုမှ Xeparin 60 mg Injection အခု ၅၉၉၆၀၊ XEN-C 50 mg အခု ၁၀၀၂၀၊ ရန်ကုန်ဆိပ်ကမ်းများမှ Electronic Blood Pressure Monitor အခု ၅၉၈၀၀၊ ဆေးဝါးမျိုးစုံ ၂၇ မျိုး စုစုပေါင်း ၇၁၀၅၄ ဒသမ ၄၀ kg အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်