
နေပြည်တော် ဒီဇင်ဘာ ၂၉
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ် ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိ သည်။ ဒီဇင်ဘာ ၂၉ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Wheel Chair ၁၂၇ ခု၊ Commode Chair ၅၀၀၊ Digital Blood Pressure Monitor ၃၀၀၀၊ Blood Pressure Monitor Bp3UG1-2E ၃၀၀၈၊ AutoMatic Blood Pressure Monitor ၃၀၀၀၊ Blood Pressure Monitor BP3NM1-3E ၃၀၀၀၊ PEN Type Digital Thermometer ၃၀၀၀၊ High Low Stretcher ၂၈ ခု၊ Scoop Stretcher ၂၀၊ Female Examining Table ငါးခု၊ Head Immobilize ၁၀ ခု၊ Stretcher ၅၀၊ Belt For Stretcher ၃၀၊ Electrocardiograph ၂၀၊ Internitient Pneumatic Compression ငါးခု၊ Revolizer ၅၃၂၀၊ ဆေးဝါးမျိုးစုံ ၃၈ မျိုး စုစုပေါင်း ၁၀၈၃၈၃ ဒသမ ၈၅ KG ၊ နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီ သုံးခုတို့မှ Pai Diclo Injection ၂၄၀၀၀ ၊ Sai C Pen Powder For Injection ၁၀၀၆၀၊ Sai P Pen Powder For Injection ၈၅၀၀၊ Disposable Mask 8659 KG ၊ Surgical Gown ၇၅၀၀၊ Liquid Oxygen ၁၅၃၃၈ m3 ၊ Disposable Cap ၈၈၀ KG တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်