
နေပြည်တော် ဒီဇင်ဘာ ၂၈
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ တစ်ခုမှ Paracetamol Tablets ၃၀၀၀၀၊ Knoll's Ors(Oral Rehydration Salts) ၃၀၀၀၀၊ Troydom Tablets ၃၀၀၀၀၊ ရန်ကုန်ဆိပ်ကမ်းများမှ Mon-Woven Plaster ၂၀၀၊ Genertator Spare Parts ၃၃၄ ခု၊ Operating Table ငါးခု၊ Medical Display Screen ၂၀၊ Cold Light Opetating Lamp နှစ်ခု၊ Blood Pressure Monitor ၁၆၅၆၄ ခု၊ ဆေးဝါး မျိုးစုံ ၅၁ မျိုး စုစုပေါင်း ၁၆၃၃၄၁ ဒသမ ၉၃ Kg၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီ လေးခုတို့မှ Mask ၉၃၀၀၇ Kg၊ Face Shield ၆၁၇၆ Kg၊ Goggle ၄၀၀၀၊ PPE ၅၀၀၊ Oxygen Plant တစ်ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်