
နေပြည်တော် ဒီဇင်ဘာ ၂၆
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်း များအား နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ထုတ်ပေးရာတွင် ဒီဇင်ဘာ ၂၆ ရက်၌ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီခုနစ်ခုတို့မှ Mask ၁၂၀၀၀ Kg၊ PPE ဝတ်စုံ ၁၉၄၀၀၊ Face Shield ၂၀၀ Kg၊ Surgical Gown ၅၀၀ Kg ၊ Surgical Cap ၈၀၀ Kg ၊ Oximeter ၇၅၀ ၊ Oxygen Concentrator ၈၀ ၊ Liquid Storage Container တစ်ခု၊ Oxygen Liquid Distributor တစ်ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်