
နေပြည်တော် ဒီဇင်ဘာ ၂၀
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ဒီဇင်ဘာ ၂၀ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိူးစုံ ငါးမျိုး၊ စုစုပေါင်း ၂၈၀၆၄ ဒသမ ၂၀ Kg ၊ နယ်စပ် (ချင်းရွှေဟော်၊ မူဆယ်) တွင် ကုမ္ပဏီငါးခုတို့မှ Oxygen Liquid Storage Container သုံးခု၊ Oxygen Liquid Distributor တစ်ခု၊ Pal Diclo Injection ၁၈၅၅၂ ခု၊ Glucose And Sodium Chloride Injection ၃၀၀၀ ၊ Disposable Face Mask ၁၉၀၀၀ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်