
နေပြည်တော် ဒီဇင်ဘာ ၁၇
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ဒီဇင်ဘာ ၁၇ ရက်၌ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီတစ်ခုမှ Sars-Cov-2 ၁၉၅၇ ခု၊ ရန်ကုန် ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၅၅ မျိုး၊ စုစုပေါင်း ၁၈၄၃၁၀ ဒသမ ၂၀ Kg ၊ နယ်စပ်(ချင်းရွှေဟော်၊ မူဆယ်)တွင် ကုမ္ပဏီသုံးခုတို့မှ Syringe ၁၂၄၆၂ ခု၊ Infusion ၅၅၂၀၊ Scalp Vein Set ၂၄၄၀၊ Mask ၄၉၄၁၃ Kg ၊ Oxygen Concentrator ၂၅ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်