
နေပြည်တော် နိုဝင်ဘာ ၃၀
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ် ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် နိုဝင်ဘာ ၃၀ ရက်၌ ရန်ကုန် ဆိပ်ကမ်းများမှ Evacuated Blood collection Tube ၃၉ ခု၊ Vertical Pressure Steam Sterilizer ရှစ်ခု၊ ဆေးဝါးမျိုးစုံ ၁၁ မျိုး၊ စုစုပေါင်း ၂၄၉၅၉ ဒသမ ၇၃ Kg ၊ နယ်စပ် (ချင်းရွှေဟော်) တွင် ကုမ္ပဏီနှစ်ခု တို့မှ Sodium Chloride Injection ၁၆၀၂၉၀၊ Griseofunvin Tablet ၁၉၂၀၀၊ Metro Nidazole Tablet ၁၅၉၀၀၊ Dipyridamole Tablet ၂၅၀၀၀၊ Powder For Injection ၁၇၀၀၀၊ Salubtamol Aerosol Inhaler ၉၇၄၄၀၊ Indomethacin Capsule ၁၂၀၀၀၀ ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်