
နေပြည်တော် နိုဝင်ဘာ ၂၉
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိရာ နိုဝင်ဘာ ၂၉ ရက်၌ နယ်စပ် (မြဝတီ၊ ချင်းရွှေ ဟော်) တွင် ကုမ္ပဏီခြောက်ခု တို့မှ Disposable Syringe ၂၃၃၇၀၊ Infusion Set ၂၈၀၀၊ Glucose And Sodium Chloride Injection ၃၂၀၄၉၀၊ Pai Saibutamol Aerosol ၁၁၀၀၀၊ Pai Hydrocort Injection ၁၂၀၀၀၊ Sai Vc Injection ၂၈၀၀၊ Pai Mico (Cream) ၇၂၆၀၊ Medical Mask ၁၁၃၈၇ Kg၊ Oxygen Concentrator ၃၀၅ ခု၊ Liquid Oxygen ၁၅၀၆၂ m3 တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
သတင်းစဉ်